ဇွန် ၁ ရက်တွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများကို ခွဲခြားဆက်ဆံမှု ရပ်တန့်ရန် လိုအပ်ကြောင်း ပြောကြားချက်အပေါ် ပြည်တွင်း၌ ဝေဖန်မှု များပြားနေချိန်တွင် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Anne Richard က ရိုဟင်ဂျာများကို နိုင်ငံသားကဲ့သို့ ဆက်ဆံပေးရန် ဇွန် ၃ ရက်က ထပ်မံတောင်းဆိုခဲ့သည်။ အရှေ့တောင်အာရှအတွင်း ကြုံတွေ့နေရသည့် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာ၏ အဓိကရင်းမြစ်ကို ဖြေရှင်းရန်အတွက် မြန်မာအစိုးရ အနေဖြင့် ရိုဟင်ဂျာမွတ်စလင်များကို နိုင်ငံသားအဖြစ် ဆက်ဆံသင့်ကြောင်း အမေရိကန်အစိုးရ၏ တိုက်တွန်းချက်ကို Aljazeera သတင်းဌာနက တင်ပြထားသည်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်သည် သမ္မတအိုဘားမား၏ ပြောကြားမှုနှင့် ဆင်တူပြီး မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့သည့် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံက အခြားသူများကဲ့သို့ပင် နိုင်ငံသားဖြစ်ထိုက်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

 
Top