မနေ့ညက စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲမှာ နောက်ကျပြီး အပြေးအလွှားရောက်လာတဲ့ မြန်မာဘောလုံးအသင်းအင်္ကျီအနီလေးနဲ မြန်မာညီငယ်လေးတစ်ယောက်ပါ။ သူဘောလုံးကွင်းထဲဝင်ဖို့လုံခြုံရေးအရ စစ်ဆေးခံရမယ့် ဂိတ်အရောက် ကွင်းထဲက မြန်မာနိုင်ငံတော်သီချင်းသံကြားလိုက်ရချိန်မှာ သတိလေးဆွဲပြီး အမိမြန်မာနိုင်ငံတော်သီချင်းကို ပြီးဆုံးသည်အထိ လိုက်ဆိုနေ ခဲ့ပါတယ်။ သူ့ကို လုံခြုံရေးတွေက နောက်လူတွေရှိတာကြောင့် အတင်းဝင်ခိုင်းပေမယ့် သူကတော့ သတိဆွဲလျက်နိုင်ငံတော်သီချင်း ကို လေးစားကြောင်းပြသခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စင်္ကာပူက လုံခြုံရေး စစ်ဆေးမည့်သူတွေကပါ နိုင်ငံတော်သီချင်း ပြီးဆုံးတဲ့အထိစောင့်ဆိုင်းပေးလိုက်ရပါတယ်။ 

   အနီးအနားမှာရှိနေကြတဲ့ စင်္ကာပူနိုင်ငံသား တွေရော၊ လုံခြုံရေးတာဝန်ရှိသူတွေရော ကပါ တအံတသြ နဲ့ သူ့ရဲ့သူ့တိုင်းပြည်၊ သူ့နိုင်ငံတော်သီချင်းကိုလေးစားတဲ့စိတ်ဓါတ် နဲ့ အပြုအမူကို ငေးကြည့်နေခဲ့ကြရပါတယ်။ တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်မြတ်နိုး တတ်တဲ့ စင်္ကာပူရောက် လေးစားစရာ မြန်မာလူငယ်လေးတယောက် အကြောင်းပါ။

0 comments:

Post a Comment

 
Top