ငွေစုစာအုပ်သုံးစွဲသူ၏ ဘဏ်အပ်ငွေစာအုပ်မှ ငွေကျပ် သိန်း ၂၀၀ ကျော်ကို ခိုးထုတ်ယူခဲ့သော သ မဝါယမဘဏ်လီမိတက်(CB bank)၊ မုံရွာဘဏ်ခွဲမှ ဘဏ်ဝန်ထမ်းအား ဇွန် ၂ ရက်က ဖမ်းဆီးစစ်ဆေးပြီး မုံ ရွာမြို့မရဲစခန်းတွင် ချုပ်နှောင်ထား ကြောင်း သိရသည်။ မုံရွာမြို့ ဆူးလေကုန်းရပ်ကွက် သမဝါယမဘဏ် (မုံရွာဘဏ်ခွဲ)တွင် ငွေစု စာအုပ်လုပ်ထားသူ ဦး----သည် ဇွန် ၁ ရက်က မိုးကုတ်ဘဏ်ခွဲ၌ ၎င်း ၏ ငွေစုစာအုပ်ဖြင့် ဘဏ်တွင် ငွေ သွားထုတ်ယူပြီး လက်ကျန်ငွေအား ပြန် လည်စစ်ဆေးရာ ငွေစာရင်းတွင် ကျပ်သိန်း ၂၇၀ ကို တစ်စုံတစ်ယောက်မှ ထုတ်ယူထားကြောင်း စိစစ်သိရှိရ သဖြင့် CB bank အား အသိပေးခဲ့သည်။ အဆိုပါ သတင်းရရှိပြီးနောက် ဘဏ်အချင်းချင်း ချိတ်ဆက်အကြောင်း ကြားရာ မုံရွာဘဏ်ခွဲမှ လက်ထောက် အထွေထွေမန်နေဂျာ ဦး----ဦးဆောင်သော ဘဏ်အဖွဲ့မှ သွားရောက်စစ် ဆေးရာ မုံရွာဘဏ်ခွဲမှ အငယ်တန်း လက်ထောက် မောင်----၂၄ နှစ်က ခိုးထုတ်ရယူခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်။ မုံရွာဘဏ်ခွဲ လက်ထောက်မန် နေဂျာ-----က ''ဒီကိစ္စကို ရုံးချုပ်က လူကြီးတွေမှဖြေနိုင်မှာပါ၊ သူတို့ကို မေးပါ၊ ဖြစ်စဉ်ကတော့ မှန်ပါတယ်၊ Mobile banking စနစ်မှာ ဖြစ်သွား တာပါ၊ ငွေစုစာအုပ်ပိုင်ရှင်က မိုးကုတ် ကို ခရီးသွားရင်း အဲဒီဘဏ်မှာ ငွေ ထုတ်တော့ ငွေပျောက်တာသိတာ ပါ၊ ဒီဖြစ်စဉ်ကိုစုံစမ်းလိုက်တော့ ငွေ ခိုးထုတ်သူကို မိတာပါ၊ သူ့ကိုလဲ ခိုးမှု နဲ့အမှုဖွင့်ပြီး တိုင်ကြားထားပါတယ်၊ ရုံးချုပ်ကို တင်ပြထားပါတယ်၊ ရုံးချုပ် ကပဲ ဆက်လုပ်သွားမှာပါ'' ဟု ဒီမိုက ရေစီတူဒေးသတင်းစာသို့ ဖြေကြားသည်။ 
အဆိုပါအမှုအား တာဝန်ယူစစ် ဆေးနေသော မုံရွာမြို့မရဲစခန်းမှ ရဲ အုပ်အောင်ဌေးကလည်း ''တရားခံ ကိုတော့ ခိုးမှုနဲ့ အချုပ်ထဲမှာထည့် ထားပါတယ်၊ အမှုကိုစစ်ဆေးနေဆဲ ပါ၊ မုံရွာဘဏ်ခွဲက လက်ထောက် မန်နေဂျာက တရားလိုလုပ်ပြီး အမှုဖွင့် ထားပါတယ်'' ဟု ပြောသည်။ မုံရွာ CB ဘဏ်ခွဲ အငယ်တန်း လက်ထောက်အား မုံရွာမြို့မရဲစခန်း မှ (ပ)၂၆၇/၂၀၁၅ ပုဒ်မ-၃၈၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

0 comments:

Post a Comment

 
Top